back

ရန်ကုန်၊ လသာ (၁၉) လမ်းကို Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ပြီး‌နောက် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေ

Jun 10 • 1:28 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၊ လသာ (၁၉) လမ်းကို Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ပြီး‌နောက် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေ

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ နာမည်ကျော် လသာ (၁၉) လမ်းကို Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ညပိုင်းတွင် လာရောက်လည်ပတ်သူများ၊ စားသုံးသူများဖြင့် အထ...

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ နာမည်ကျော် လသာ (၁၉) လမ်းကို Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ညပိုင်းတွင် လာရောက်လည်ပတ်သူများ၊ စားသုံးသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ယခု Night Market အား အစိုးရ၏ စီမံချက်ဖြင့် ပထမဆုံးအကြိမ် စနစ်တကျ အကောင်အထည်ဖော် ဖွင့်လှစ်ခြင်းဖြစ်ပြီး လမ်းတစ်လျှောက်တွင် အလှမီးပုံးများ တပ်ဆင်ကာ ဆိုင်ခန်းများကိုလည်း သတ်မှတ်နေရာများ၌ စနစ်တကျ ရောင်းချစေသည်။ လာရောက်လည်ပတ်သူတစ်ဦးက အဆိုပါ Night Market သည် ယခင်ကထက် ပိုမိုကောင်းမွန်လာပြီး ပြည်ပနိုင်ငံများရှိ ညဈေးများနှင့် ဆင်တူလာကြောင်း၊ ဆိုင်များ စည်းကမ်းတကျ ဆက်လက်ရောင်းချနိုင်ရန်သာ လိုအပ်ကြောင်း ပြောကြားသည်။အဆိုပါ လသာ (၁၉) လမ်း ညဈေးရှိ ဆိုင်ခန်းများကို နေ့စဉ် ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ သတ်မှတ်အချိန်အတိုင်း ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

42