back

ဧရာဝတီတိုင်း၌ ဓာတ်မြေဩဇာနှင့်စက်သုံးဆီများ အစိုးရသတ်မှတ်ဈေးထက် သုံးဆခွဲခန့် မြင့်တက်ကာ ရောင်းချနေလို့ လယ်သမားများ အခက်အခဲဖြစ်ပေါ်နေ

Jun 10 • 1:27 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၌ ဓာတ်မြေဩဇာနှင့်စက်သုံးဆီများ အစိုးရသတ်မှတ်ဈေးထက် သုံးဆခွဲခန့် မြင့်တက်ကာ ရောင်းချနေလို့ လယ်သမားများ အခက်အခဲဖြစ်ပေါ်နေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် အစိုးရသတ်မှတ်ထုတ်ဈေး ကျပ် ၃၀,၀၀၀ ဖြင့် ရောင်းချရန် ညွှန်ကြားထားသော်လည်း မြေပြင်တွင် ကျပ် ၇၀,၀၀၀ မှ တစ်သ...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် အစိုးရသတ်မှတ်ထုတ်ဈေး ကျပ် ၃၀,၀၀၀ ဖြင့် ရောင်းချရန် ညွှန်ကြားထားသော်လည်း မြေပြင်တွင် ကျပ် ၇၀,၀၀၀ မှ တစ်သိန်းကျော်အထိ ဈေးတင်ရောင်းချမှုများ ရှိနေကြောင်း သိရသည်။စိုက်ပျိုးရေးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စိုက်ပျိုးရေးသွင်းအားစုဆိုင်များသို့ ပြန်လည်ရောင်းချရာမှတစ်ဆင့် ပေါ်တင်ဈေးတင်ခြင်း သို့မဟုတ် အိတ်ခွံလဲ၍ ဈေးတင်ခြင်းများ ပြုလုပ်နေကြခြင်းဖြစ်သည်။ ထို့ပြင် မိုးဦးကျလာသော်လည်း စက်သုံးဆီဈေးကြီးမြင့်မှု (ဆိုင်ဈေး တစ်လီတာ ၄,၅၀၀ ကျပ်၊ မှောင်ခိုဈေး ၆,၀၀၀ မှ ၁၀,၀၀၀ ကျပ်) နှင့် ခွဲတမ်းအကန့်အသတ်ကြောင့် လယ်သမားအများစု လယ်မထွန်နိုင်ကြသေးပေ။ယခုကဲ့သို့ စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်း၊ စပါးဈေးမကောင်းခြင်းနှင့် လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေပြန်ဆပ်ရန် ဖိအားပေးမှုများကြောင့် လယ်မြေရောင်းချလိုသူများပြားလာပြီး တိုင်းအတွင်း မိုးစပါးစိုက်ဧကမှာလည်း ယခင် ၃၈ သိန်းနီးပါးမှ လက်ရှိတွင် ဧက ၂၀ သိန်းဝန်းကျင်အထိ ထက်ဝက်နီးပါး လျော့ကျသွားကြောင်း လယ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

news-view-count-icon

25