AYA Tri-Nation Cup 2026 ပြိုင်ပွဲ မြန်မာနှင့် ထိုင်း အမျိုးသမီးအသင်းတို့ ယနေ့ ဇွန်(၉)ရက်နေ့တွင် ယှဉ်ပြိုင်ကစားနေရာ
ပထမပိုင်းပွဲချိန်အပြီး ဂိုးသွင်းနိုင်ကြ ခြင်းမရှိသေးဘဲ သရေရလဒ်ထွက်ပေါ်နေသည်။ဒုတိယပိုင်းပွဲချိန်အပြီး ထွက်ပေါ်လာမည့်ရလဒ်ကို မြန်မာအမျိုးသမီးဘောလုံးပရိတ်သတ်အကြား စိတ်ဝင်စားမှုမြင့်တက်နေကြသည်။ယနေ့ပွဲစဉ်အတွင်း မြန်နာအသင်းဘက်မှဒဏ်ရာရထားသည့် ကစားသမားများ မရှိသည့်အတွက် ထိုင်းနှင့်ပွဲစဉ်တွင် အ ကောင်းဆုံးကြိုးစားပြီး အနိုင်ရအောင် ကစားသွားမည်ဟု အသင်းခေါင်းဆောင် ခင်မာလာထွန်းကလည်း ပြောကြားထား သည်။AYA Tri-Nation Cup 2026ပြိုင်ပွဲတွင် မြန်မာအသင်းကို ဥဇဘတ်ကစ္စတန်အသင်းက (၁)ဂိုး ဂိုးမရှိဖြင့်အနိုင်ရထားသလို ဥဇဘတ်ကစ္စတန်အသင်းကို ထိုင်းအသင်းက (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရထား သည်။


