ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ နာမည်ကျော် ၁၉ လမ်းကို နိုင်ငံတော်အစိုးရ၏ စီမံချက်ဖြင့် ပထမဆုံး ညဈေး (Night Market) အဖြစ် ယနေ့ (ဇွန်လ ၉ ရက်) တွင် စနစ်တကျ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ ယခင်က စည်းကမ်းမဲ့ ရောင်းချမှုများရှိခဲ့သည့် ၁၉ လမ်းကို ယခုအခါ စည်းကမ်းတင်းကြပ်ရေးအဖွဲ့များဖွဲ့ကာ ဈေးရောင်းချိန်ကို ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ တိတိကျကျ သတ်မှတ်ပေးထားပြီး၊ လမ်းအလယ်တွင်လည်း အရေးပေါ်ယာဉ်များ သွားလာနိုင်ရန် လမ်းချန်လှပ်ပေးထားသည်။ လက်ရှိတွင် ၁၉ လမ်းတစ်လျှောက်၌ အလှမီးပုံးများ တပ်ဆင်ကာ ဈေးသည်များ စနစ်တကျ ရောင်းချနေကြပြီး ဖွင့်ပွဲနေ့အဖြစ် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လသာ (၁၉) လမ်းကို စည်းကမ်းတကျဖြင့် ပထမဆုံး Night Market အဖြစ် ယနေ့ ပြန်လည်ဖွင့်လှစ်
Jun 09 • 12:33 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 34 | 0 | 0 | 0 |


