back

အိန္ဒိယတွင် ဇနီးဖြစ်သူကိုစွန့်ခွာ၍ ယောက္ခမဖြစ်သူနှင့် တရားဝင်လက်ထပ်ခဲ့သည့် အမျိုးသား

Jun 09 • 8:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယတွင် ဇနီးဖြစ်သူကိုစွန့်ခွာ၍ ယောက္ခမဖြစ်သူနှင့် တရားဝင်လက်ထပ်ခဲ့သည့် အမျိုးသား

အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသ (Uttar Pradesh) ပြည်နယ်၊ ကန်ပူရ်မြို့မှ အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးသည်ကို စွန့်ခွာပြီး ယောက္ခမဖြစ်သူနှင့် တရားရုံးတွင် တရားဝင် လက်ထပ်...

အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသ (Uttar Pradesh) ပြည်နယ်၊ ကန်ပူရ်မြို့မှ အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးသည်ကို စွန့်ခွာပြီး ယောက္ခမဖြစ်သူနှင့် တရားရုံးတွင် တရားဝင် လက်ထပ်ထိမ်းမြားခဲ့ကြောင်း India Today သတင်းအရ သိရသည်။ ၎င်းတို့နှစ်ဦးမှာ ကာလအတော်ကြာ ချစ်ကျွမ်းဝင်ခဲ့ကြခြင်းဖြစ်ပြီး တရားရုံးတွင် ပန်းကုံးစွပ်ကာ လက်ထပ်လက်မှတ်ကို ပြုံးရွှင်စွာ ကိုင်ဆောင်ထားသည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။ ယခုကဲ့သို့ ထူးခြားဆန်းပြားလွန်းသည့် လက်ထပ်မှုအပေါ် ဥပဒေအရ တရားစွဲဆိုထားခြင်း မရှိသေးသော်လည်း ဒေသခံများနှင့် အွန်လိုင်းအသုံးပြုသူများအကြား ဝေဖန်မှုများနှင့်အတူ အပြင်းအထန် ငြင်းခုံဆွေးနွေးလျက်ရှိသဖြင့် လူပြောသူပြောအများဆုံး ထိပ်တန်းရေပန်းစားသည့် သတင်းတစ်ခု ဖြစ်နေသည်။

news-view-count-icon

41