ကမ္ဘာ့ရေကြီးမှုသတိပေးစနစ် (GLoFAS) ၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ထုတ် ခန့်မှန်းချက်များနှင့် မိုးလေဝသအချက်အလက်များအရ လာမည့် ဇွန်လ ၁၅ ရက်မှ ၂၂ ရက်အတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး မြစ်ရေစီးဆင်းမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။ အထူးသဖြင့် စစ်တောင်းနှင့် ပဲခူးမြစ်ဝှမ်းဇုန်တွင် အမြင့်ဆုံးအဆင့် (Extreme Alert) နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် (High Alert) အဆင့်များ သတ်မှတ်ထားသည့်အပြင်၊ ဇွန်လ ၁၅ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မြစ်၏ ပင်လယ်ဒီရေသည်လည်း ၂၁ ပေကျော်အထိ အမြင့်ဆုံးသို့ တပြိုင်နက်တည်း တက်လာမည်ဖြစ်ရာ မြစ်ရေနှင့်ဒီရေ ညှပ်ကာ "ရေတားဆီးခံရမှု (Backwater Effect)" ဖြစ်ပေါ်ပြီး မြေနိမ့်ပိုင်း၊ ကမ်းနားလမ်းများနှင့် ရပ်ကွက်များတွင် လျှပ်တစ်ပြက်ရေကြီးမှုနှင့် မြို့ပြရေဝပ်မှုများ ဆိုးရွားစွာ ဖြစ်ပွားနိုင်သည်။ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဇွန်လ ၁၃ ရက်နေ့မှစ၍ သတင်းများကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ကာ အဖိုးတန်ပစ္စည်းများ ကြိုတင်ရွှေ့ပြောင်းခြင်းနှင့် ရေဘေးလွတ်ရာ ရှောင်ရှားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ထားကြရန် MMWEATHER အုပ်ချုပ်မှုအဖွဲ့မှ ဝင်းနိုင်က အကြံပြုသတိပေးထားသည်။
မြန်မာနိုင်ငံတောင်ပိုင်းတွင် ဇွန်လလယ်၌ မိုးကြီးခြင်းနှင့် ဒီရေတက်ခြင်းတို့ကြောင့် ကြီးမားသော ရေကြီးရေလျှံမှုအန္တရာယ်များ ရှိနေ
Jun 09 • 8:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 42 | 0 | 0 | 0 |


