ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ "888 BBQ" စားသောက်ဆိုင်ဝန်းအတွင်းမှ ဆိုင်ကယ်တစ်စီး ခိုးယူခံရမှုကို CCTV မှတစ်ဆင့် ခြေရာခံစုံစမ်းရာမှ ၃ ဦးပါ ဆိုင်ကယ်သူခိုးဂိုဏ်းမှ ဂိုဏ်းဝင် ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဂိုဏ်းခေါင်းဆောင်မှာ စိုင်းလောဝ်ဆန်း ဆိုသူဖြစ်ပြီး ၎င်းကိုယ်တိုင် ဆိုင်ကယ်ကို ဝင်ရောက်ခိုးယူခဲ့ကာ ကျန် ၂ ဦးက အပြင်မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ဂိုဏ်းဝင် ၂ ဦးကို မူဆယ်မြို့မရဲစခန်း၌ ထိန်းသိမ်းကာ အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိ ဆက်လက်စစ်ဆေးနေသော်လည်း၊ မူဆယ်မြို့ အမှတ် (၁) လမ်းမကြီးပတ်ဝန်းကျင်တွင် ကျက်စားလေ့ရှိသည့် ဂိုဏ်းခေါင်းဆောင် စိုင်းလောဝ်ဆန်းမှာမူ လွတ်မြောက် ပုန်းအောင်းနေဆဲဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်တွင် ဆိုင်ကယ်ခိုးဂိုဏ်းဝင် ၂ ဦး ဖမ်းမိသော်လည်း ဂိုဏ်းခေါင်းဆောင် လွတ်မြောက်နေဆဲဖြစ်
Jun 09 • 8:16 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 19 | 0 | 0 | 0 |


