ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၁၂) ရှိ နေအိမ်တစ်လုံးမှ ကားကို ခိုးယူမောင်းနှင်လာသူတစ်ဦးသည် ဇွန်လ ၇ ရက်နေ့က မီးပွိုင့်အနီး ပလက်ဖောင်းကို ဝင်တိုက်မိပြီး တာယာပွင့်သွားသဖြင့် ကားကိုပစ်ကာ လမ်းဘေးရှိ ဆိုင်ကယ်များကို လုယူထွက်ပြေးရန် ကြိုးစားခဲ့သည်။ ထိုသို့ လုယက်နေစဉ် လာရောက်ဖမ်းဆီးသည့် ယာဉ်ထိန်းရဲ၏ မော်တော်ဆိုင်ကယ်ကိုပါ ထပ်မံလုယူရန် ကြံစည်ခဲ့သဖြင့် အနီးနားရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးကာ ကြိုးဖြင့်တုပ်၍ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
လားရှိုးတွင် ကားခိုးယူပြီး ယာဉ်ထိန်းရဲဆိုင်ကယ်ပါ လုပြေးရန် ကြံစည်သည့် သူခိုးကို ပြည်သူများ ဝိုင်းဖမ်း
Jun 09 • 8:15 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 40 | 0 | 0 | 0 |


