ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၄)ရပ်ကွက်၊ ကြာကန်ပတ်လမ်းတွင် ဇွန်လ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၄ မိနစ်အချိန်ခန့်က သစ်ပင်တစ်ပင် လဲကျမှုဖြစ်ပွားခဲ့သည်။ အဆိုပါ သစ်ပင်လဲကျကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းထွက်ခွာ၍ လမ်းပိတ်ဆို့မှုမရှိစေရန် ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ အရေးပေါ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သစ်ပင်လဲကျသဖြင့် မီးသတ်တပ်ဖွဲ့က ရှင်းလင်းရေးလုပ်ဆောင်
Jun 09 • 8:13 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 17 | 0 | 0 | 0 |


