ယခုနှစ် မွန်ပြည်နယ်ဒေသထွက် မင်းဂွတ်သီးနှင့် ကြက်မောက်သီးများ စတင်ပေါ်ချိန်တွင် ဈေးကွက်အတွင်း ဈေးကောင်းရရှိနေပြီး အဝယ်အလွန်လိုက်နေကြောင်း သစ်သီးစိုက်ပျိုးရောင်းဝယ်သူများနှင့် ခြံရှင်တောင်သူများထံမှ သိရသည်။ လက်ရှိတွင် ဝယ်ယူသူနှင့် ကုန်ဒိုင်များမှ အော်ဒါအမှာစာများပြတ်ဘဲ ခြံထဲအထိ လာရောက်ဝယ်ယူမှုများ ရှိနေသည်။ ဈေးကွက်အတွင်း၌ မင်းဂွတ်သီးတစ်လုံးလျှင် အရွယ်အစားအလိုက် ၁,၀၀၀ ကျပ်မှ ၃၀၀ ကျပ်အထိ ဈေးနှုန်းရှိနေပြီး၊ ကြက်မောက်သီးတစ်လုံးလျှင် ၃၀၀ ကျပ်မှ ၄၀၀ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
Jun 09 • 8:07 AM
မြန်မာ
မွန်
မျှဝေမည်
| 23 | 0 | 0 | 0 |


