back

မြဝတီမြို့တွင် ထိုင်းကုန်ပစ္စည်းများကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေပြီး အမှတ် ၂ တံတားတွင်လည်း သွင်းကုန်များ ဝင်ခွင့်မပြုသေး

Jun 09 • 7:59 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီမြို့တွင် ထိုင်းကုန်ပစ္စည်းများကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေပြီး အမှတ် ၂ တံတားတွင်လည်း သွင်းကုန်များ ဝင်ခွင့်မပြုသေး

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့နှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် ရက် ၁၀၀ စီမံချက်ဖြင့် ထိုင်းကုန်ပစ္စည်းများကို ပိုက်...

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့နှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် ရက် ၁၀၀ စီမံချက်ဖြင့် ထိုင်းကုန်ပစ္စည်းများကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း မြို့ခံများနှင့် ယာဉ်မောင်းများထံမှ သိရသည်။ မြဝတီမြို့ပေါ်ရှိ ကုန်ဂိုဒေါင်များကို ဝင်ရောက်စစ်ဆေးဖမ်းဆီးသည့်အပြင် ခရီးသည်တင်ယာဉ်များပေါ်မှ ထိုင်းကုန်များကိုပါ သိမ်းဆည်းနေသဖြင့် ကုန်သည်အများစုမှာ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ ထို့ကော်ကိုး၊ ၁၀၁၈ နှင့် သေ့ကတေ တောင်ပေါ်လမ်းများမှတစ်ဆင့် ဂိတ်များကို ရှောင်ကွင်း သို့မဟုတ် ငွေကြေးပေး၍ သယ်ဆောင်နေရသည်။ ထို့ပြင် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်သော်လည်း လတ်တလောတွင် မြန်မာဘက်မှ ပို့ကုန်များကိုသာ အဓိကခွင့်ပြုပြီး ထိုင်းဘက်မှ သွင်းကုန်များကိုမူ လိုင်စင်ချမပေးသေးဘဲ ဝင်ရောက်ခွင့်မပြုထားသေးပေ။ 

news-view-count-icon

31