ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ကလောခရိုင်ဆေးရုံဝင်းအပြင်ဘက် ဆေးရုံဝန်ထမ်းအိမ်ရာအနီးမှ အများပြည်သူ ဖြတ်သန်းသွားလာနေသည့် လမ်းကို ဆေးရုံအုပ်ဆရာဝန်မကြီးက ပိတ်လိုက်သဖြင့် စော်ဘွားကြီးကုန်းနှင့် ရွှေတောင်ကြားနယ်မြေရှိ အိမ်ခြေ ၂၄၀ ခန့်မှ ဒေသခံပြည်သူ ၁,၀၀၀ နီးပါး သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။ ယင်းလမ်းမှာ နှစ်ပေါင်း ၇၀ ကျော်ကတည်းက မြို့တွင်းသို့ သွားရာတွင် အဓိကအသုံးပြုခဲ့သည့်လမ်းဖြစ်ပြီး၊ လမ်းပိတ်လိုက်သဖြင့် သောက်သုံးရေသယ်ယာဉ်များနှင့် အမှိုက်သိမ်းယာဉ်များ ဝင်ရောက်နိုင်ခြင်းမရှိတော့ဘဲ ကျန်ရှိသည့်လမ်းသွယ်များမှာလည်း မတ်စောက်ကျဉ်းမြောင်းသဖြင့် အရေးပေါ် မီးသတ်ကားနှင့် လူနာတင်ယာဉ်များ ဖြတ်သန်းရန် အဆင်မပြေကြောင်း သိရသည်။ အဆိုပါလမ်းအား ပြန်လည်ဖွင့်လှစ်ပေးရန် မြို့ခံများ စုပေါင်းလက်မှတ်ထိုး၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက မြို့စီမံအုပ်ချုပ်ရေးအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများသို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးသဖြင့် လမ်းပြန်ဖွင့်ပေးရန် ဒေသခံများက အနူးအညွတ် တောင်းဆိုနေကြကြောင်း သိရသည်။
Jun 09 • 7:58 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 32 | 0 | 0 | 0 |


