back

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ညာဒေသတွင် ရွှေမျောလုပ်ကွက်များကြောင့် မြစ်ကြောင်းပြောင်းလဲကာ ဒေသခံများ သွားလာရေး ခက်ခဲနေ

Jun 09 • 6:52 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ညာဒေသတွင် ရွှေမျောလုပ်ကွက်များကြောင့် မြစ်ကြောင်းပြောင်းလဲကာ ဒေသခံများ သွားလာရေး ခက်ခဲနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ချင်းတွင်းမြစ်ညာဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်းများကို အထိန်းအကွပ်မဲ့ အဆမတန် လုပ်ကိုင်လာကြသဖြင့် ချင်းတွင်းမြစ်ကြောင်း ပျက်စီးပြ...

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ချင်းတွင်းမြစ်ညာဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်းများကို အထိန်းအကွပ်မဲ့ အဆမတန် လုပ်ကိုင်လာကြသဖြင့် ချင်းတွင်းမြစ်ကြောင်း ပျက်စီးပြောင်းလဲကာ ရေလမ်းခရီးသွားလာရေးတွင် ခက်ခဲမှုများ ကြုံတွေ့နေရကြောင်း ခန္တီးမြို့ခံများနှင့် ဒေသခံများထံမှ သိရသည်။၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဒေသတွင်း မတည်ငြိမ်မှုများနှင့်အတူ ရွှေမျောလုပ်ကွက်များ အဆမတန် များပြားလာခြင်းကြောင့် ချင်းတွင်းမြစ်မှာ ရေကျဆင်းခမ်းခြောက်ကာ မြစ်ကြောင်းပျက်စီးပြီး ချောင်းသာသာမျှသာ ကျန်ရှိတော့သဖြင့် ကုန်စည်နှင့် ခရီးသည်တင် သင်္ဘောများ ခဏခဏ သောင်တင်မှုများ ဖြစ်ပွားနေသည်။ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ထမံသီနှင့် မော်လိုက်ဒေသများရှိ ပြည်သူများသည် ကားလမ်းပန်းဆက်သွယ်ရေး မကောင်းမွန်သဖြင့် ယခင်ကတည်းက ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအတွက် ချင်းတွင်းမြစ်ကြောင်း ရေလမ်းခရီးကိုသာ အဓိက အားထားအသုံးပြုနေရခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

27