back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ရွှေညောင်နှင့် အေးသာယာတို့တွင် အမှိုက်သိမ်းဝန်ဆောင်မှုမရှိ၍ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုးရွားလာ

Jun 09 • 4:44 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ရွှေညောင်နှင့် အေးသာယာတို့တွင် အမှိုက်သိမ်းဝန်ဆောင်မှုမရှိ၍ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုးရွားလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့နှင့် အေးသာယာမြို့တို့တွင် အမှိုက်သိမ်းဆည်းရေး ဝန်ဆောင်မှုမရှိခြင်းကြောင့် လမ်းဘေးဝဲယာ၊ လမ်းမကြီးဘေးရေ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့နှင့် အေးသာယာမြို့တို့တွင် အမှိုက်သိမ်းဆည်းရေး ဝန်ဆောင်မှုမရှိခြင်းကြောင့် လမ်းဘေးဝဲယာ၊ လမ်းမကြီးဘေးရေမြောင်းများနှင့် တံတားအောက်တို့တွင် ကြုံသလို စည်းကမ်းမဲ့ အမှိုက်ခိုးစွန့်ပစ်မှုများပြားလာပြီး ရေမြောင်းများပိတ်ဆို့ကာ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ အထူးသဖြင့် ရွှေညောင်စည်ပင်သာယာရေးဌာနပိုင် ရွှေညောင်ဈေးအတွင်းရှိ အခပေးအိမ်သာမှ အညစ်အကြေးများကို ရေမြောင်းအတွင်း ခိုးထုတ်စွန့်ပစ်နေ၍ ပတ်ဝန်းကျင်တွင် အနံ့အသက်မခံနိုင်အောင် ဖြစ်ရုံမျှမက၊ အေးသာယာမြို့တွင်လည်း အမှိုက်ခိုးပစ်သူများကို ဓာတ်ပုံမှတ်တမ်းတင်ရသည့်အထိ ဖြစ်ပွားနေသည်။ ထို့ကြောင့် အမှိုက်သိမ်းဆည်းရေးကုမ္ပဏီ သို့မဟုတ် အမှိုက်သိမ်းစနစ်တစ်ခု မရှိသေးမီအတွင်း လတ်တလော ဖြေရှင်းနိုင်မည့် နည်းစနစ်တစ်ခုဖြင့် စနစ်တကျ ရှင်းလင်းပေးရန် သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနသို့ ဒေသခံများက တောင်းဆိုနေကြသည်။

news-view-count-icon

32