back

နေပြည်တော်တွင် မိုးရွာသွန်းမှုနည်းပြီး မိုးရာသီအဝင်နောက်ကျ၍ မျှစ်ထွက်ချိန်နောက်ကျနိုင်

Jun 09 • 3:48 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် မိုးရွာသွန်းမှုနည်းပြီး မိုးရာသီအဝင်နောက်ကျ၍ မျှစ်ထွက်ချိန်နောက်ကျနိုင်

ယခုနှစ်တွင် မိုးရာသီအဝင်နောက်ကျပြီး နေပြည်တော်အတွင်း မိုးရွာသွန်းမှု နည်းပါးနေသေးသဖြင့် နေပြည်တော်တစ်ဝိုက်မှ ထွက်ရှိသည့် မျှစ်များ ယခုနှစ်တွင် ထွက်ရှိမှုနောက်ကျ...

ယခုနှစ်တွင် မိုးရာသီအဝင်နောက်ကျပြီး နေပြည်တော်အတွင်း မိုးရွာသွန်းမှု နည်းပါးနေသေးသဖြင့် နေပြည်တော်တစ်ဝိုက်မှ ထွက်ရှိသည့် မျှစ်များ ယခုနှစ်တွင် ထွက်ရှိမှုနောက်ကျနိုင်ကြောင်း မျှစ်ချဉ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ပုံမှန်အားဖြင့် ဝါးတောများရှိသည့် ဒေသများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းမှသာ ဝါးနုပေါက် (မျှစ်စို့) များ ထွက်ရှိလေ့ရှိသော်လည်း လက်ရှိတွင် မိုးကောင်းကောင်းမရွာသေးဘဲ ပူပြင်းနေဆဲဖြစ်သည်။ သို့သော်လည်း ဝါးတောပေါများသည့် အရှေ့ဘက်တောင်ပေါ်ဒေသများတွင် တိုင်းရင်းသားရွာသားများနှင့် မျှစ်ကောက်လုပ်ငန်းရှင်များက မျှစ်ထိုး၊ မျှစ်ချိုးရန်အတွက် ယာယီတဲများဆောက်လုပ်ကာ ပြင်ဆင်နေကြပြီ ဖြစ်သည်။မျှစ်ချဉ်လုပ်ငန်းရှင်များသည် ဒေသခံများထံမှ ဝါးပိုးမျှစ်စို့များကို ကာလပေါက်ဈေးဖြင့် ဝယ်ယူကာ လှီးဖြတ်၍ မျှစ်လှောင်ကန်များနှင့် စဉ်းအိုးကြီးများတွင် သိပ်လှောင်ရပြီး၊ သတ်မှတ်ချိန်ပြည့်မှသာ ဖော်ယူထုတ်ပိုး ရောင်းချကြသည်။ မျှစ်ချဉ်အသစ်များမှာ သီတင်းကျွတ်လောက်မှသာ ဈေးကွက်သို့ ထွက်ရှိမည်ဖြစ်ပြီး လက်ရှိတွင် ယခင်နှစ်က မျှစ်ချဉ်အဟောင်းများကိုသာ ရောင်းချနေရသည်။ခရီးသွားဒေသထွက်လက်ဆောင်အဖြစ် ကျော်ကြားသည့် ပျဉ်းမနားမျှစ်ချဉ်သည် ကိုဗစ်ကာလမတိုင်မီက တစ်ပိဿာလျှင် ၁,၈၀၀ ကျပ်မှ ၂,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိဈေးကွက်တွင် ဓားလှီးတစ်ပိဿာလျှင် ၂,၅၀၀ ကျပ်နှင့် အလုံးသိပ်တစ်ပိဿာလျှင် ၂,၄၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

news-view-count-icon

55