ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ်-မော်တင် (ဂျက်ကာ-စိန်တောင်-မော်တင်) ကားလမ်းပေါ်ရှိ တင်းချောင်းကျေးရွာ တင်းချောင်းတံတားသည် ချဉ်းကပ်လမ်း ရေတိုက်စားပြိုကျမှုကြောင့် ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားခဲ့ရာမှ ဇွန်လ ၇ ရက်နေ့တွင် ယာဉ်ကြီး/ယာဉ်ငယ်အားလုံး ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ပုသိမ်မြို့နယ်တွင် ဇွန်လ ၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် တံတားချဉ်းကပ်လမ်း ပြိုကျပျက်စီးခဲ့သဖြင့် ယာဉ်ဖြတ်သန်းခွင့်ကို ခေတ္တပိတ်ထားခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ဇွန်လ ၆ ရက်တွင် ကားအသေးများကို စတင်ဖြတ်သန်းခွင့်ပြုခဲ့ပြီး၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ခဲ့သဖြင့် ဇွန်လ ၇ ရက်တွင် ကားအကြီးများအပါအဝင် ယာဉ်အားလုံး ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်သည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရေတိုက်စား၍ ပြိုကျခဲ့သည့် တင်းချောင်းတံတား ချဉ်းကပ်လမ်းအား ပြင်ဆင်ပြီးစီးသဖြင့် ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြု
Jun 09 • 3:33 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 21 | 0 | 0 | 0 |


