စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့အနီး ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီ၂၂ မိနစ်အချိန်ခန့်တွင် မြေအောက်အနက် ၁၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။မြေငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ မရှိစေရန်နှင့် လျော့နည်းသက်သာစေရန်အတွက် မိဘပြည်သူများအနေဖြင့် ငလျင်လှုပ်ခတ်ချိန်နှင့် လှုပ်ခတ်ပြီးနောက်ပိုင်းတွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် သတိပြုဖွယ်ရာများကို ဂရုပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်ထားသည်။
Jun 09 • 3:31 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 45 | 0 | 0 | 0 |


