back

မန္တလေးတိုင်း၊မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့

Jun 09 • 3:05 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊မြင်းခြံသံမဏိစက်ရုံရှိ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) လည်ပတ်ပြီးနောက် လေးထောင့်ပုံ သံမဏိချောင်း တန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) ၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) ကို ပြန်လည်လည်ပတ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ လေးထောင့်ပုံ သံမဏိချောင်း တန်...

မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) ၏ သံရည်ကျိုအလုပ်ရုံ အမှတ်(၁) ကို ပြန်လည်လည်ပတ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ လေးထောင့်ပုံ သံမဏိချောင်း တန်ချိန် ၂၈,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သံမဏိစက်ရုံကို ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သတ်မှတ်တန်ချိန်ပြည့်မီအောင် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

21