တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် သဲဖြူရွာနှင့် ချောင်းလမုရွာတို့တွင် ယခုနှစ် ကမ်းဇော်စေ့ရာသီအစ မေလပိုင်းက ကမ်းဇော်စေ့တစ်နို့ဆီဘူးလျှင် ၆,၈၀၀ ကျပ်အထိ ဈေးရရှိခဲ့သော်လည်း ဇွန်လပထမပတ်တွင် တစ်ဘူးလျှင် ၅,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးကျဆင်းသွားကြောင်း ဒေသခံများနှင့် ကမ်းဇော်စေ့ကောက်သူများထံမှ သိရသည်။ ယခုနှစ်တွင် အပင်မှကြွေကျသည့် ကမ်းဇော်စေ့ အထွက်နှုန်း ပိုမိုများပြားလာခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်နိုင်ပြီး ကောက်ယူသူတစ်ဦးလျှင် တစ်ရက်ကို အနည်းဆုံး ၄ ဘူးမှ ၁၀ ဘူးအထိ ရရှိကြသဖြင့် ရွာသားများအပြင် နေရပ်စွန့်ခွာခဲ့ရသည့်ပြည်သူများပါ ဝင်ရောက်ကောက်ယူနေကြသည်။ သဲဖြူရွာဝန်းကျင်တွင် နယ်မြေမတည်ငြိမ်မှုများ မကြာခဏဖြစ်ပွားနေ၍ အခြေအနေကြည့်ကာ သွားရောက်ကောက်ယူနေရပြီး တောထဲအထိ လာဝယ်သူများက ၄,၅၀၀ ကျပ်၊ ရွာထဲတွင် လာဝယ်သူများက ၅,၀၀၀ ကျပ် ဈေးပေးကြကြောင်း၊ ရရှိလာသည့် ကမ်းဇော်စေ့များကို နေလှန်း၊ စက်ကြိတ်၍ အိမ်သုံးဆေးအဖြစ် အသုံးများသည့် ကမ်းဇော်ဆီအဖြစ် ထုတ်လုပ်ရောင်းချကြကြောင်း သိရသည်။
Jun 09 • 2:34 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 22 | 0 | 0 | 0 |


