back

ရီးယဲလ်အသင်းတွင် မော်ရင်ဟို၏ နည်းပြအဖွဲ့ဝင်အဖြစ် ပေပေ ပြန်လည်ပူးပေါင်း ဆောင်ရွက်ဖွယ်ရှိ

Jun 09 • 2:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရီးယဲလ်အသင်းတွင် မော်ရင်ဟို၏ နည်းပြအဖွဲ့ဝင်အဖြစ် ပေပေ ပြန်လည်ပူးပေါင်း ဆောင်ရွက်ဖွယ်ရှိ

ရီးယဲလ်မက်ဒရစ်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပေါ်တူဂီနောက်ခံလူ ပေပေသည် အသင်းသို့ ပြန်လည်ရောက်ရှိလာမည့် နည်းပြ မော်ရင်ဟို၏ နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖွ...

ရီးယဲလ်မက်ဒရစ်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပေါ်တူဂီနောက်ခံလူ ပေပေသည် အသင်းသို့ ပြန်လည်ရောက်ရှိလာမည့် နည်းပြ မော်ရင်ဟို၏ နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖွယ်ရှိကြောင်း သိရသည်။မကြာသေးမီက ကျင်းပခဲ့သည့် ရီးယဲလ်ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဖလော်ရင်တီနိုပီရက်ဇ် ထပ်မံအနိုင်ရရှိခဲ့ပြီးနောက် အသင်းနည်းပြဟောင်း မော်ရင်ဟိုကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ နည်းပြ မော်ရင်ဟိုသည် ရီးယဲလ်အသင်းကို ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး၊ ၎င်း၏နည်းပြအဖွဲ့ထဲတွင် အသင်း၏ကစားသမားဟောင်းအချို့ကို ထည့်သွင်းရန် လိုလားနေသဖြင့် ရီးယဲလ်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တစ်ဆယ်စုနှစ်ကြာ ကစားခဲ့ဖူးသည့် ပေပေနှင့် ပြန်လည်လက်တွဲရန် စီစဉ်လာခြင်းဖြစ်သည်။လက်ရှိ အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ပေပေသည် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၃၄ ပွဲ ကစားပေးခဲ့ပြီး ၁၅ ဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။ ၎င်းသည် အသက် ၄၁ နှစ်အရွယ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် လက်ရှိအချိန်၌ နည်းပြလောကသို့ ကူးပြောင်းဝင်ရောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

news-view-count-icon

37