back

ရှမ်းပြည်နယ်၊ ရွှေညောင်မြို့တွင် တရားမဝင် စက်သုံးဆီ သိုလှောင်ရောင်းချသည့် နေအိမ်တစ်အိမ်ကို ဖမ်းဆီးအရေးယူ

Jun 09 • 2:08 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ ရွှေညောင်မြို့တွင် တရားမဝင် စက်သုံးဆီ သိုလှောင်ရောင်းချသည့် နေအိမ်တစ်အိမ်ကို ဖမ်းဆီးအရေးယူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လိုင်စင်မရှိဘဲ တရားမဝင် စက်သုံးဆီများ သိုလှောင်ရောင်းချနေကြော...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လိုင်စင်မရှိဘဲ တရားမဝင် စက်သုံးဆီများ သိုလှောင်ရောင်းချနေကြောင်း သတင်းအရ ဇွန်လ ၈ ရက် ညနေ ၃ နာရီခွဲခန့်က နယ်မြေခံရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ ရေနံကြီးကြပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းစစ်ဆေးခဲ့ရာ ဓာတ်ဆီနှင့် ဒီဇယ်ဆီဘူး/ပုံးများ အပါအဝင် ဆီရောင်းချရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့ကြောင့် လူနေအိမ်၌ တရားဝင်လိုင်စင်မရှိဘဲ စက်သုံးဆီများ သိုလှောင်၊ ဖြန်ဖြူး၊ ရောင်းချသူ အမျိုးသမီးအား ရွှေညောင်နယ်မြေရဲစခန်းတွင် (ပ) ၈၅/၂၀၂၆၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

33