ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းသည် ဇွန်လ ၅ ရက်က တစ်ကျပ်သားလျှင် ၁၀၁ သိန်း ၃ သောင်းကျပ်ရှိရာမှ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ၉၈ သိန်း ၂ သောင်းကျပ်အထိ သိန်း ၁၀၀ အောက်သို့ ဆက်တိုက်ကျဆင်းလာသော်လည်း မွန်ပြည်နယ်ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း သိရသည်။ ပုံမှန်အားဖြင့် ရွှေဈေးကျချိန်တွင် ဝယ်သူများသော်လည်း ယခုအခါ မိုးရာသီနှင့် ကျောင်းဖွင့်ရာသီ တိုက်ဆိုင်နေ၍ မိဘများ ကျောင်းစရိတ်သုံးစွဲနေရခြင်း၊ ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးအပြောင်းအလဲကြောင့် ဝယ်ယူမည့်သူများက ဈေးနှုန်းကို ဆက်လက်စောင့်ကြည့်နေခြင်းတို့ကြောင့် အရောင်းအဝယ်မသွက်ဘဲ ဖြစ်နေသည်။ ရွှေဈေးနှုန်းများသည် ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာလဲလှယ်နှုန်းနှင့် ပြည်တွင်းငွေကြေးဈေးကွက်အပေါ် မူတည်၍ လာမည့်ရက်များတွင်လည်း အတက်အကျ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ဈေးကွက်စောင့်ကြည့်သူများက သုံးသပ်ထားသည်။
Jun 09 • 2:06 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


