လာမည့် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် နှစ်ကျော့ခွဲ၍ ကျင်းပမည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အမျိုးသမီးကလပ်အသင်းအချို့က ၎င်းတို့၏ သက်ဆိုင်ရာမြို့များ၌ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မြန်မာအမျိုးသားလိဂ်ကော်မတီအနေဖြင့် လာမည့်ရာသီအတွက် သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ MFF လေ့ကျင့်ရေးကွင်း (၁)၊ YUSC ကွင်းနှင့် ပုသိမ်မြို့ ကျောက်တိုင်ကွင်း စသည့် ကွင်း ၅ ကွင်း၌ ကျင်းပရန် လျာထားသည်။ယင်းအနက် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းသည် ပထမအကျော့ ၂ ပွဲနှင့် ဒုတိယအကျော့ ၂ ပွဲ (စုစုပေါင်း ၄ ပွဲ) ကို ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ အိမ်ကွင်းပွဲစဉ်များအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ထို့ပြင် ယခုရာသီတွင် အသင်းသစ်များအဖြစ် စတင်ဝင်ရောက်ယှဉ်ပြိုင်မည့် ရတနာပုံအမျိုးသမီးအသင်းသည် မန္တလေးမြို့တွင်လည်းကောင်း၊ ဇွဲကပင်ယူနိုက်တက်အမျိုးသမီးအသင်းသည် ဘားအံမြို့ ပြည်နယ်ကွင်းတွင်လည်းကောင်း အိမ်ကွင်းပွဲစဉ်များ လက်ခံကစားနိုင်မည့် အခြေအနေတွင် ရှိနေသည်။ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲတွင် ၉ သင်း ပါဝင်ခဲ့သော်လည်း လာမည့်ရာသီတွင်မူ YREO အသင်း ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဘဲ အသင်းသစ် ၂ သင်း ထပ်မံတိုးချဲ့လာသဖြင့် စုစုပေါင်း ၁၀ သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါအသင်းများမှာ ဧရာဝတီ၊ ISPE၊ သစ္စာအားမာန်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ Young Lioness၊ မြဝတီ၊ ရန်ကုန်စီးတီး၊ ရတနာပုံနှင့် ဇွဲကပင်အသင်းတို့ ဖြစ်ကြသည်။
Jun 09 • 2:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


