ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ မြဝတီမြို့နှင့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များပြားရာ ရွှေကုက္ကိုလ်ဒေသဘက်ရှိ ဈေးဆိုင်များနှင့် ငွေလွှဲလုပ်ငန်းများတွင် ထိုင်းဘတ်ငွေ တစ်ထောင်တန် ငွေစက္ကူအတု တွေ့ရှိမှု သိသိသာသာ များပြားလာကြောင်း ဒေသခံများနှင့် ငွေလွှဲလုပ်ကိုင်သူများထံမှ သိရသည်။အဆိုပါ ဘတ်ငွေအတုများသည် အစစ်နှင့်ထပ်တူနီးပါး ဆင်တူသဖြင့် ဈေးကွက်အတွင်း အစစ်တစ်ဝက် အတုတစ်ဝက် ရောနှောပေးချေမှုများ ရှိနေပြီး၊ ငွေလွှဲလုပ်ငန်းများနှင့် ဆိုင်ကြီးများတွင် ငွေတုစစ်သည့် ဘောပင် သို့မဟုတ် စက်များဖြင့် သေချာစစ်ဆေးပြီးမှ လက်ခံနေကြရသည်။ ဒေသခံအချို့မှာမူ ဆုံးရှုံးမှုမရှိစေရန် ဘတ်တစ်ထောင်တန်များ လက်မခံဘဲ ငွေအကြွေများကိုသာ ရွေးချယ်လက်ခံနေကြသည်။လက်ရှိတွင် ထိုင်းဘတ်ငွေ ၁ ဘတ်လျှင် မြန်မာကျပ် ၁၂၅ ကျပ်မှ ၁၃၀ ကျပ်ဝန်းကျင် ရှိသဖြင့် ဘတ် ၁,၀၀၀ တန် တစ်ရွက်လျှင် မြန်မာကျပ်ငွေ ၁ သိန်းကျော် တန်ဖိုးရှိရာ ပြည်သူများအကြား နစ်နာဆုံးရှုံးမှု ကြီးမားနေသည်။ ထိုင်းဘတ် ၁,၀၀၀ တန်အစစ်တွင် ဘုရင်ပုံ၊ ရေစာအမှတ်အသား၊ ရောင်ပြန်ကြိုးနှင့် ထင်ရှားသော Serial နံပါတ်များ ပါရှိပြီး အတုမှာမူ စာရွက်သားအရောင်မှိန်ကာ ပုံနှိပ်အရည်အသွေး ညံ့ဖျင်းတတ်သော်လည်း ပိုမိုဆင်တူသည့် အတုများ ရှိနေနိုင်သဖြင့် ငွေစစ်ကိရိယာများဖြင့် သေချာစစ်ဆေးကြရန် ကျွမ်းကျင်သူများက သတိပေးထားသည်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊မြဝတီနှင့် ရွှေကုက္ကိုလ်တွင် ထိုင်းဘတ် ၁,၀၀၀ တန် ငွေစက္ကူအတု တွေ့ရှိမှုများပြားလာ
Jun 09 • 2:04 AM
မြန်မာ
ကရင်
မျှဝေမည်
| 43 | 0 | 0 | 0 |


