မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိသည့် လေကြောင်းခရီးစဉ်များကို လာမည့် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ တစ်ပတ်လျှင် ၁၀ ကြိမ်အထိ တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းများထံမှ သိရသည်။ကွမ်ကျိုး-ရန်ကုန် ခရီးစဉ်ကို လက်ရှိတွင် နေ့စဉ် (တစ်ပတ်လျှင် ၇ ကြိမ်) ပျံသန်းပြေးဆွဲပေးနေသည့် China Southern Airlines သည် လာမည့် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ခရီးစဉ်အသစ်များ ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ခရီးစဉ်သစ်များ ထပ်မံဖြည့်စွက်လိုက်ပြီးနောက် ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် စုစုပေါင်း ၁၀ ကြိမ်အထိ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ ဇွန်လ ၁၅ ရက်မှစတင်၍ တစ်ပတ်လျှင် ၁၀ ကြိမ်အထိ တိုးချဲ့ပြေးဆွဲမည်
Jun 09 • 1:42 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 54 | 0 | 0 | 0 |


