back

မြန်မာနိုင်ငံ၌ ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှု လက်ခံခြင်းကြောင့် တရုတ်လုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ရန် ပိုမိုအဆင်ပြေလွယ်ကူလာဟုဆို

Jun 09 • 1:30 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ၌ ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှု လက်ခံခြင်းကြောင့် တရုတ်လုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ရန် ပိုမိုအဆင်ပြေလွယ်ကူလာဟုဆို

မြန်မာနိုင်ငံတွင် တရုတ်ယွမ်ငွေကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် တရားဝင်သုံးစွဲနိုင်သည့် ငွေကြေးအဖြစ် လက်ခံလိုက်ခြင်းကြောင့် တရုတ်လုပ်ငန်းရှင်များ လာရောက်ရ...

မြန်မာနိုင်ငံတွင် တရုတ်ယွမ်ငွေကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် တရားဝင်သုံးစွဲနိုင်သည့် ငွေကြေးအဖြစ် လက်ခံလိုက်ခြင်းကြောင့် တရုတ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ပိုမိုလွယ်ကူချောမွေ့လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက ပြောကြားသည်။ထို့အပြင်တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပေးထားသည့်အပြင် စိုက်ပျိုးမွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်း တင်သွင်းခွင့်ကိုလည်း တိုးမြှင့်ပေးနေကြောင်း ဆိုသည်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း လာရောက်ရင်းနှီးမြှုပ်နှံမည့် မတည်ငွေရင်းကို ယွမ်ငွေဖြင့် လက်ခံဆောင်ရွက်ပေးနေကြောင်း ယခုနှစ် မတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွင် ဒုတိယအများဆုံး ဖြစ်ကာ ကုန်ထုတ်လုပ်မှု၊ ရထားလမ်း၊ ဆိပ်ကမ်းနှင့် စက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေသည်။ တရုတ်ယွမ်ငွေသည် ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ခိုင်မာလာပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ငွေကြေးခြင်းတောင်းထဲတွင်လည်း ပါဝင်လာပြီဖြစ်သည်။

news-view-count-icon

42