back

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးမှုအပေါ် ကျေးရွာတာဝန်ခံအချို့က ငွေကြေးမတန်တဆ ကောက်ခံနေ

Jun 08 • 1:01 PM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးမှုအပေါ် ကျေးရွာတာဝန်ခံအချို့က ငွေကြေးမတန်တဆ ကောက်ခံနေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ ကျေးရွာအုပ်စုအချို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးသည့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (တစ်ဧက ၃ သိန်းကျပ်နှုန်း)...

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ ကျေးရွာအုပ်စုအချို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးသည့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (တစ်ဧက ၃ သိန်းကျပ်နှုန်း) ရရှိရန်အတွက် ကျေးရွာတာဝန်ခံဆိုသူများက စာရွက်စာတမ်းဖိုးနှင့် သီးနှံအာမခံကြေးအမည်တပ်ကာ တောင်သူများထံမှ လယ် ၁ ဧကမှ ၅ ဧကအထိကို ၁၇,၀၀၀ ကျပ်၊ ၅ ဧကအထက်ကို ၃၀,၀၀၀ ကျပ်အထိ သတ်မှတ်ချက်မရှိဘဲ မတန်တဆကောက်ခံနေသည်။ မြန်မာ့အာမခံလုပ်ငန်း၏ သတ်မှတ်ချက်အရ သီးနှံအာမခံကြေးမှာ တစ်ဧကလျှင် ၆,၀၀၀ ကျပ် (၂ ရာခိုင်နှုန်း) သာ ကျသင့်မည်ဖြစ်ပြီး မဖြစ်မနေထားရမည်မဟုတ်ဘဲ တောင်သူများ၏ သဘောဆန္ဒအတိုင်းသာ ဖြစ်သည်။ ဘဏ်နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ ဘဏ်အနေဖြင့် ချေးငွေလျှောက်လွှာဖောင်များကို အခမဲ့ပေးပြီး မည်သည့်ငွေကြေးမျှ ကောက်ခံခြင်းမရှိကြောင်း၊ အဆိုပါကျေးရွာတာဝန်ခံများသည်လည်း ဘဏ်က တရားဝင်ခန့်အပ်ထားသူများမဟုတ်ဘဲ ကြားခံဆောင်ရွက်ပေးနေသူများသာဖြစ်၍ တောင်သူများအနေဖြင့် ငွေကြေးမပေးလိုပါက လိုအပ်သည့်ထောက်ခံချက်များရယူကာ ကိုယ်တိုင်လျှောက်ထားထုတ်ယူနိုင်ကြောင်း ပြောကြားထားသည်။

news-view-count-icon

34