ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်တိုင်းနီးပါးတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူများပြားနေပြီး အမှတ် (၅) နှင့် အမှတ် (၉) ရပ်ကွက်တို့တွင် ရောဂါကူးစက်မှု ပိုမိုများပြားနေကြောင်း ဒေသခံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများထံမှ သိရသည်။ မြို့ခံများက ငှက်ဖျား၊ တုပ်ကွေးနှင့် ဝမ်းရောဂါများအတွက် ကျန်းမာရေးဌာနဘက်မှ အသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ပေးစေလိုကြသည်။ သုတေသနစာတမ်းများအရ မြန်မာနိုင်ငံတွင် ဦးနှောက်ငှက်ဖျားအထိ ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်အရှိဆုံးဖြစ်သည့် P. falciparum နှင့် စနစ်တကျဆေးမသောက်ပါက မကြာခဏ ပြန်ဖြစ်တတ်သည့် P. vivax ပိုးနှစ်မျိုး ပိုမိုအဖြစ်များကြောင်း သိရသည်။ ငှက်ဖျားရောဂါသည် အနောဖိလိစ်ခြင်ကိုက်ခံရခြင်းမှ အဓိကကူးစက်တတ်ပြီး ချမ်းတုန်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အသားဝါခြင်းနှင့် ဆီးအရောင်မည်းခြင်းစသည့် လက္ခဏာများ ခံစားရပါက ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ကုသရန် လိုအပ်ကြောင်း ပြောကြားထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရပ်ကွက်များတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ များပြားနေသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် မြို့ခံများ မျှော်လင့်နေ
Jun 08 • 1:00 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 29 | 0 | 0 | 0 |


