back

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဇွန်လ ၁၅ ရက်တွင် စတင်မည်ဖြစ်ပြီး အသင်းအချို့ အိမ်ကွင်းလက်ခံကျင်းပရန် ပြင်ဆင်နေ

Jun 08 • 12:59 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဇွန်လ ၁၅ ရက်တွင် စတင်မည်ဖြစ်ပြီး အသင်းအချို့ အိမ်ကွင်းလက်ခံကျင်းပရန် ပြင်ဆင်နေ

လာမည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် နှစ်ကျော့ကျင်းပသွားမည်ဖြစ်ရာ အမျိုးသမီးကလပ်အသင်းအချို့မှာ အိမ်...

လာမည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် နှစ်ကျော့ကျင်းပသွားမည်ဖြစ်ရာ အမျိုးသမီးကလပ်အသင်းအချို့မှာ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ လက်ရှိချန်ပီယံ ဧရာဝတီအသင်းက ပုသိမ်မြို့ ကျောက်တိုင်ကွင်းတွင် အိမ်ကွင်းပွဲ ၄ ပွဲ လက်ခံကစားမည်ဖြစ်ပြီး၊ အသင်းသစ်များဖြစ်သည့် ရတနာပုံအသင်းက မန္တလေးမြို့တွင်လည်းကောင်း၊ ဇွဲကပင်အသင်းက ဘားအံမြို့ ပြည်နယ်ကွင်းတွင်လည်းကောင်း အသီးသီး အိမ်ကွင်းပွဲများ လက်ခံကျင်းပရန် အခြေအနေရှိနေသည်။ လာမည့်ရာသီတွင် YREO အသင်း နှုတ်ထွက်သွားသော်လည်း အသင်းသစ် ၂ သင်း အပါအဝင် စုစုပေါင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ပွဲစဉ်များကို သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ MFF ကွင်း၊ YUSC ကွင်းနှင့် ပုသိမ်ကျောက်တိုင်ကွင်းတို့၌ ကျင်းပရန် စီစဉ်ထားကြောင်းနှင့် ချန်ပီယံ ဧရာဝတီအသင်းမှာ အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်ရထားကြောင်း သိရသည်။

news-view-count-icon

25