ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယတွင် ဘန်ကောက်သို့သွားမည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၇ ဦးနှင့် ထိုင်းယာဉ်မောင်း ဖမ်းဆီးခံရ

Jun 08 • 12:58 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယတွင် ဘန်ကောက်သို့သွားမည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၇ ဦးနှင့် ထိုင်းယာဉ်မောင်း ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဘန်မိုင်ရပ်ကွက် အာရှလမ်းမကြီးပေါ်တွင် တိုယိုတာ ဗန်ကားတစ်စီးဖြင့် လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၇ ဦးနှင့် ထ...

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဘန်မိုင်ရပ်ကွက် အာရှလမ်းမကြီးပေါ်တွင် တိုယိုတာ ဗန်ကားတစ်စီးဖြင့် လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၇ ဦးနှင့် ထိုင်းယာဉ်မောင်းတစ်ဦးတို့ကို ဇွန်လ ၈ ရက်နေ့တွင် ရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးခဲ့သည်။ ဖမ်းဆီးရမိသည့် အသက် ၃၁ နှစ်အရွယ် ထိုင်းယာဉ်မောင်းက ၎င်းမြန်မာလုပ်သားများကို တစ်ဦးလျှင် ဘတ် ၁,၅၀၀ ဖြင့် နခွန်စဝန်မြို့မှ ဘန်ကောက်မြို့သို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့က ထိုင်းယာဉ်မောင်းကို တရားမဝင် နိုင်ငံခြားသား သယ်ယူပို့ဆောင်မှုဖြင့် အမှုဖွင့်ပြီး၊ မြန်မာလုပ်သား ၇ ဦးကိုမူ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှုဖြင့် မဟာရတ်ရဲစခန်းသို့ လွှဲပြောင်းကာ အရေးယူထားကြောင်း သိရသည်။ ထို့ပြင် အဆိုပါ အာရှလမ်းမကြီးပေါ်တွင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်က မြန်မာနိုင်ငံသား ၁၆ ဦးနှင့် မေလ ၆ ရက်က ၁၃ ဦးတို့လည်း အသီးသီး ဖမ်းဆီးရမိခဲ့ဖူးကြောင်းသိရသည်။

news-view-count-icon

9