back

ကမ္ဘာ့လေကြောင်းလိုင်းများ ယခုနှစ်အမြတ်အစွန်း ခန့်မှန်းချက်ကို ထက်ဝက်နီးပါး လျှော့ချ

Jun 08 • 12:57 PM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့လေကြောင်းလိုင်းများ ယခုနှစ်အမြတ်အစွန်း ခန့်မှန်းချက်ကို ထက်ဝက်နီးပါး လျှော့ချ

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အဓိကပျံသန်းမှုလမ်းကြောင်းများ အနှောင့်အယှက်ဖြစ်ခြင်းတို့ကြောင့် အပြည်ပြည်ဆိုင်ရာ လေကြေ...

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အဓိကပျံသန်းမှုလမ်းကြောင်းများ အနှောင့်အယှက်ဖြစ်ခြင်းတို့ကြောင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (IATA) က ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့လေကြောင်းလိုင်းများ၏ အသားတင်အမြတ်အစွန်းခန့်မှန်းချက်ကို ယခင်မှန်းထားသည့် ဒေါ်လာ ၄၁ ဘီလီယံမှ ၂၃ ဘီလီယံအထိ ထက်ဝက်နီးပါး လျှော့ချလိုက်သည်။ လက်ရှိတွင် ခရီးသည်ဝယ်လိုအား ကောင်းမွန်နေပြီး စုစုပေါင်းဝင်ငွေမှာ ဒေါ်လာ ၁.၁ ထရီလီယံကျော်အထိ မြင့်တက်လာရန် ရှိသော်လည်း၊ ပထဝီနိုင်ငံရေး တုန်လှုပ်မှုများနှင့် လောင်စာဆီကုန်ကျစရိတ် မြင့်မားမှုများကြောင့် အမြတ်အစွန်းရရှိမှုမှာ ၂၀၂၅ ခုနှစ်က ရရှိခဲ့သည့် ဒေါ်လာ ၄၅ ဘီလီယံအောက် များစွာကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

32