back

ဝက်စလေ ဒဏ်ရာရသဖြင့် ၎င်း၏နေရာတွင် ကွင်းလယ်လူ အက်ဒါဆန်ကို ဘရာဇီးအသင်း အစားထိုးခေါ်ယူ

Jun 08 • 12:54 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဝက်စလေ ဒဏ်ရာရသဖြင့် ၎င်း၏နေရာတွင် ကွင်းလယ်လူ အက်ဒါဆန်ကို ဘရာဇီးအသင်း အစားထိုးခေါ်ယူ

အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းမှ ရိုးမားနောက်ခံလူ ဝက်စလေသည် ပေါင်ကြွက်သားဒဏ်ရာကြောင့် လူစာရင်းမ...

အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းမှ ရိုးမားနောက်ခံလူ ဝက်စလေသည် ပေါင်ကြွက်သားဒဏ်ရာကြောင့် လူစာရင်းမှ နုတ်ထွက်ခဲ့ရသဖြင့် ၎င်း၏နေရာတွင် အတ္တလန်တာ ကွင်းလယ်လူ အက်ဒါဆန်ကို အစားထိုးရွေးချယ်လိုက်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က ဇွန်လ ၇ ရက်နေ့တွင် ကြေညာခဲ့သည်။ ဝက်စလေသည် ဇွန်လ ၆ ရက်နေ့က အီဂျစ်ကို ၂-၁ ဂိုးဖြင့် နိုင်ခဲ့သည့် ခြေစမ်းပွဲ၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းက ကမ္ဘာ့ဖလားအိမ်မက် အချိန်နောက်ဆုတ်သွားရသော်လည်း ပိုမိုသန်မာစွာ ပြန်လာမည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ ၎င်း၏နေရာတွင် အစားထိုးခံရသည့် အသက် ၂၆ နှစ်အရွယ် အက်ဒါဆန်သည် ဘရာဇီးအသင်းအတွက် ၃ ပွဲ ကစားပေးထားသူဖြစ်ပြီး၊ ကမ္ဘာ့ဖလား အုပ်စု (C) တွင် ပါဝင်သည့် ဘရာဇီးအသင်းသည် နယူးဂျာစီမြို့၌ မော်ရိုကိုအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ အုပ်စုတွင်း၌ ဟေတီ၊ စကော့တလန်တို့နှင့်လည်း ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

27