back

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌအဖြစ် ဖလော်ရန်တီနို ပီရက်ဇ် ပြန်လည်ရွေးကောက်ခံရပြီး နည်းပြ မော်ရင်ဟိုကို ပြန်ခေါ်မည်ဟု ကတိပြု

Jun 08 • 12:51 PM

breaking-news

မြန်မာ

ပြည်ပ

cover

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌအဖြစ် ဖလော်ရန်တီနို ပီရက်ဇ် ပြန်လည်ရွေးကောက်ခံရပြီး နည်းပြ မော်ရင်ဟိုကို ပြန်ခေါ်မည်ဟု ကတိပြု

ရီးရဲလ်မက်ဒရစ်အသင်း၏ ဥက္ကဋ္ဌရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဖလော်ရန်တီနို ပီရက်ဇ်သည် ပြိုင်ဘက် စီးပွားရေးလုပ်ငန်းရှင် အန်နရီကေး ရီကွယ်မီ...

ရီးရဲလ်မက်ဒရစ်အသင်း၏ ဥက္ကဋ္ဌရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဖလော်ရန်တီနို ပီရက်ဇ်သည် ပြိုင်ဘက် စီးပွားရေးလုပ်ငန်းရှင် အန်နရီကေး ရီကွယ်မီးကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိကာ နောက်ထပ် လေးနှစ်သက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံခဲ့ရသည်။ ဇွန်လ ၇ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါရွေးကောက်ပွဲတွင် စာတိုက်မှတစ်ဆင့် မဲပေးမှု မူမမှန်မှုများရှိကြောင်း စွပ်စွဲချက်ကြောင့် မဲပေါင်း ၁,၀၀၀ ကျော်ကို ပြန်လည်စိစစ်ခဲ့ရပြီး ဇွန်လ ၈ ရက် နံနက်အစောပိုင်းတွင် ရလဒ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပီရက်ဇ်သည် မဲအရေအတွက် ၂၁,၇၄၁ မဲ (၆၅ ရာခိုင်နှုန်း) ရရှိခဲ့ပြီး၊ ရီကွယ်မီးမှာမူ ၁၁,၈၁၄ မဲ (၃၅ ရာခိုင်နှုန်း) သာ ရရှိခဲ့သည်။ယခုရွေးကောက်ပွဲသည် ၂၀၀၉ ခုနှစ် ပီရက်ဇ် တစ်ကျော့ပြန်ဥက္ကဋ္ဌဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ဘက်နှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ 

news-view-count-icon

23