back

ရန်ကုန်တရုတ်တန်း (၁၉) လမ်းကို နိုင်ငံတကာအဆင့်မီဖြစ်အောင် ပြန်လည်အဆင့်မြှင့်တင်ရန် စီစဉ်နေ

Jun 08 • 12:50 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တရုတ်တန်း (၁၉) လမ်းကို နိုင်ငံတကာအဆင့်မီဖြစ်အောင် ပြန်လည်အဆင့်မြှင့်တင်ရန် စီစဉ်နေ

ရန်ကုန်မြို့၏ နာမည်ကျော် အပန်းဖြေစားသောက်ရာနေရာတစ်ခုဖြစ်သည့် လသာမြို့နယ် တရုတ်တန်း (၁၉) လမ်းကို နိုင်ငံတကာအဆင့်မီဖြစ်အောင် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိ...

ရန်ကုန်မြို့၏ နာမည်ကျော် အပန်းဖြေစားသောက်ရာနေရာတစ်ခုဖြစ်သည့် လသာမြို့နယ် တရုတ်တန်း (၁၉) လမ်းကို နိုင်ငံတကာအဆင့်မီဖြစ်အောင် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောကြားသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရက် ၁၀၀ စီမံချက်ဖြင့် လမ်းမပေါ်တွင် ဆိုင်ခင်းခြင်းနှင့် လမ်းဘေးဈေးသည်များ ရောင်းချခြင်းကို မေလကုန်ပိုင်းမှစ၍ တားမြစ်ခဲ့ပြီးနောက်၊ လက်ရှိတွင် (၁၉) လမ်းအား စည်းကမ်းတကျရှိစေရန် အလှမီးပုံးများ တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်များ သွားလာနိုင်မည့်နေရာ ချန်လှပ်၍ စနစ်တကျရောင်းချစေခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ လမ်းသွားလမ်းလာများနှင့် ယာဉ်အန္တရာယ် မဖြစ်စေရန် ကော်မတီဖွဲ့၍ စည်းကမ်းချက်များ တွေ့ဆုံညှိနှိုင်းခဲ့ရာ ဆိုင်ပိုင်ရှင်များကလည်း ယခုပြောင်းလဲမှုကို သဘောကျလျက်ရှိသည်။ (၁၉) လမ်းသည် ညဈေးနှင့် ဘီယာ၊ အကင်တန်းများကြောင့် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်း လာရောက်လည်ပတ်သူများအကြား အလွန်ရေပန်းစားသည့် အချက်အချာနေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

news-view-count-icon

49