ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်သံဗတ်ဘုန်းကြီးကျောင်းအတွင်း ဇွန်လ ၈ ရက်နေ့ နံနက်အစောပိုင်းက ဝင်ရောက်၍ ဖုန်းခိုးရန် ကြိုးပမ်းခဲ့သည့် လင်မယားနှစ်ဦးကို ကျောင်းရှိကိုရင်များက မြင်တွေ့သဖြင့် ထွက်ပြေးစဉ် ရွာသားများက လိုက်လံဝိုင်းဝန်း ဖမ်းဆီးခဲ့ကြသည်။ ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါလင်မယားနှစ်ဦးသည် ပအိုဝ်းဒေသရှိ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားကာ ခိုးမှုများ မကြာခဏ ကျူးလွန်လေ့ရှိသူများဖြစ်ပြီး၊ ပြီးခဲ့သည့်လကလည်း ဆိုက်ခေါင်ဒေသတွင် ခိုးရာပါ ရွှေဆွဲကြိုးတစ်ကုံး၊ ဖုန်းသုံးလုံးနှင့်အတူ ဖမ်းဆီးမိခဲ့ဖူးကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးကို ယခင်ကလည်း ရွာသားများက အကြိမ်ကြိမ်ဖမ်းဆီး၍ PNO နှင့် သက်ဆိုင်ရာရဲစခန်းများထံ အပ်နှံခဲ့ဖူးသော်လည်း ပြန်လည်လွတ်မြောက်လာကာ ယခုကဲ့သို့ ခိုးမှုများ ထပ်မံကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်တွင် ဘုန်းကြီးကျောင်းအတွင်း ဖုန်းခိုးသည့် လင်မယား ၂ ဦးကို ရွာခံများ ဝိုင်းဖမ်း
Jun 08 • 12:46 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 25 | 0 | 0 | 0 |


