back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စက်သုံးဆီဆိုင်များ အရောင်းအချိန်လျှော့ချလိုက်သဖြင့် ပြည်သူများ ယာဉ်တန်းရှည် တန်းစီဝယ်ယူနေရ

Jun 08 • 6:32 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စက်သုံးဆီဆိုင်များ အရောင်းအချိန်လျှော့ချလိုက်သဖြင့် ပြည်သူများ ယာဉ်တန်းရှည် တန်းစီဝယ်ယူနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယခုဇွန်လမှစတင်ကာ စွမ်းအင်ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဆီခွဲတမ်းနှင့် အရောင်းအချိန်များကိ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယခုဇွန်လမှစတင်ကာ စွမ်းအင်ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဆီခွဲတမ်းနှင့် အရောင်းအချိန်များကို လျှော့ချရောင်းချလာသဖြင့် ဒေသခံများ ယာဉ်တန်းရှည်ဖြင့် ပြန်လည်တန်းစီဝယ်ယူနေရကြောင်း သိရသည်။ မူလက နံနက် ၆ နာရီမှ ညနေ ၅ နာရီခွဲအထိ ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့သော်လည်း ယခုအခါ ဆိုင်အများစုတွင် နံနက် ၆ နာရီမှ ၉ နာရီအထိ (၃) နာရီခန့်သာ ရောင်းချပေးတော့သဖြင့် တန်းစီရင်း ဆီမရဘဲ ပြန်လှည့်ရသူများရှိနေကာ ကျောင်းဖွင့်ရာသီ၌ ပိုမိုခက်ခဲလျက်ရှိသည်။ အဆိုပါ အရောင်းအချိန်လျှော့ချမှုကြောင့် လက်ရှိစိုက်ပျိုးရာသီအတွင်း စိုက်ပျိုးရေးသုံးစက်ကိရိယာများ လည်ပတ်ရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာများမှ တောင်သူများနှင့် ကားသမားများပါ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

news-view-count-icon

27