ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ဇွန်လ ၈ ရက် (ယနေ့) နံနက် ၇ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မရမ်းကုန်းရပ်ကွက်၊ ထောင်ရောင်နေလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။အဆိုပါ သစ်ပင်လဲကျရာနေရာသို့ မြောင်းမြမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကာ လမ်းသွားလမ်းလာ ပြည်သူများနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် သစ်ပင်များအား ဖြတ်တောက်ဖယ်ရှားခြင်းနှင့် လမ်းကြောင်းရှင်းလင်းရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်း
Jun 08 • 4:59 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 17 | 0 | 0 | 0 |


