ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ ရွှေဥမင်လှိုင်ဂူ (မြောက်ဘက်) အတက်လမ်းတွင် ရပ်နားထားသော နယူးဇင်းနစ်အယ်ဖာ အဖြူရောင်ဆိုင်ကယ်တစ်စီး (နံပါတ် ၈၆/W 50768) မှာ ဇွန်လ ၇ ရက် နေ့လယ်ပိုင်းက ခိုးယူခြင်းခံခဲ့ရသည်။ ဆိုင်ကယ်ပိုင်ရှင်အမျိုးသားမှာ တောင်ခြေသို့ သစ်ပင်စိုက်ပျိုးရန် သွားရောက်နေစဉ်အတွင်း ခိုးယူခံလိုက်ရခြင်းဖြစ်ပြီး ၎င်းဝယ်ယူထားသည်မှာလည်း မကြာသေးကြောင်း သိရသည်။ လတ်တလောတွင် ပင်းတယမြို့၌ ဆိုင်ကယ်သူခိုးများက မာစတာကီး (Master Key) များအသုံးပြုကာ ဆိုင်ကယ်များကို မကြာခဏ ခိုးယူနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိထားရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
Jun 08 • 4:57 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 60 | 0 | 0 | 0 |


