back

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ရှိ မြနန္ဒာဈေး အဆင့်မြှင့်တင်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေလျာထားခြင်းမရှိ

Jun 08 • 3:48 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ရှိ မြနန္ဒာဈေး အဆင့်မြှင့်တင်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေလျာထားခြင်းမရှိ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ရှိ အသက် (၄၂) နှစ်ရှိပြီဖြစ်သော မြနန္ဒာဈေးကြီးကို မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်ပေးရန် လွှတ်တော်တွင် မေးမြန်းမှုနှင့်ပတ်သ...

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ရှိ အသက် (၄၂) နှစ်ရှိပြီဖြစ်သော မြနန္ဒာဈေးကြီးကို မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်ပေးရန် လွှတ်တော်တွင် မေးမြန်းမှုနှင့်ပတ်သက်၍ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားခြင်းမရှိကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်းက ဇွန်လ ၅ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့သည်။ဈေးကြီးအတွင်းရှိ ဈေးရုံ (၉) ရုံ၊ အခန်းပေါင်း (၄၀၃) ခန်းကို အဆင့်မြှင့်တင်မည်ဆိုပါက စုစုပေါင်းငွေကျပ် ၂,၅၉၂ သန်းခန့်အထိ ကုန်ကျမည်ဖြစ်သဖြင့် လက်ရှိတွင် ဘတ်ဂျက်လျာထားနိုင်ခြင်းမရှိဘဲ ဈေးသူဈေးသားများအနေဖြင့် မိမိတို့အစီအစဉ်ဖြင့် အကုန်အကျခံ ဆောင်ရွက်လိုပါက စည်းရုံးဆောင်ရွက်သွားရန်နှင့် အကယ်၍ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရန် အခက်အခဲရှိပါက ၂၀၃၀-၂၀၃一 ဘဏ္ဍာရေးနှစ်ကျမှသာ ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

news-view-count-icon

21