ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့် ဟဲလုံကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းနှင့် ရေပြွန် (၂) စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုကို ဇွန်လ ၇ ရက် နံနက်ပိုင်းက ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။ အဆိုပါလမ်းပိုင်းသည် အရှည်ပေ ၁,၈၃၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိပြီး ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ (GRF) ခွင့်ပြုငွေကျပ် ၁၃၇.၂၀၂ သန်းဖြင့် ဧပြီလဒုတိယပတ်မှစတင်ကာ ရက်ပေါင်း ၁၀၀ စီမံချက်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လမ်းပိုင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ မိုးရာသီကာလအတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံရွာသူရွာသားများ လမ်းပန်းဆက်သွယ်ရေး ဘေးကင်းချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
Jun 08 • 2:55 AM
မြန်မာ
ကချင်
မျှဝေမည်
| 22 | 0 | 0 | 0 |


