back

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားရာ နေအိမ်ပေါ်ပိမိ၍ အမျိုးသမီးတစ်ဦး သေဆုံး

Jun 08 • 2:29 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားရာ နေအိမ်ပေါ်ပိမိ၍ အမျိုးသမီးတစ်ဦး သေဆုံး

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဇွန်လ ၈ ရက် (ယနေ့) နံနက် ၇ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက် (၆)၊ အုပ်စု (၅) ရှိ နေအိမ်တ...

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဇွန်လ ၈ ရက် (ယနေ့) နံနက် ၇ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက် (၆)၊ အုပ်စု (၅) ရှိ နေအိမ်တစ်လုံးအနီးတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ်၏ ဝဲဘက်အခန်းပေါ်သို့ မြေစာများ ပိမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ မြေပြိုမှုကြောင့် နေအိမ်အတွင်းရှိ အမျိုးသမီး (၁) ဦး သေဆုံးသွားခဲ့ပြီး၊ သေဆုံးသူ၏ ရုပ်အလောင်းအား တန့်ယန်းအရန်မီးသတ်စခန်းမှ လူနာတင်ယာဉ်ဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

39