back

စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်း

Jun 08 • 2:28 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သောတာပန်ရပ်ကွက်၊ ထွဋ်ခေါင်ရပ်ရှိ မင်းကွန်းသွားလမ်း၊ မင်းအောင်လံဘုန်းကြီးကျောင်းအနီးတွင် ဇွန်လ ၈ ရက် (ယနေ့) နံနက် ၆ နာ...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သောတာပန်ရပ်ကွက်၊ ထွဋ်ခေါင်ရပ်ရှိ မင်းကွန်းသွားလမ်း၊ မင်းအောင်လံဘုန်းကြီးကျောင်းအနီးတွင် ဇွန်လ ၈ ရက် (ယနေ့) နံနက် ၆ နာရီခွဲခန့်က သစ်ပင်တစ်ပင် လဲကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့နေသည့်နေရာသို့ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ထုံးဘိုအရန်မီးသတ်စခန်းမှ လူနာတင်ယာဉ် (၁) စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ လမ်းကြောင်းပြန်လည်ပွင့်လင်းစေရေးအတွက် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

37