မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက်၊ ၇၈ လမ်းရှိ ဦးပွားဂုန်းကျော်တံတားအရှေ့ဘက် လမ်းသွယ် (၄) တွင် တည်ရှိသော ဖိနပ်ဂိုဒေါင်တစ်လုံး၌ ဇွန်လ ၇ ရက် ည ၁၀ နာရီခွဲကျော်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များဖြင့် သွားရောက်ကာ Level 1 အဆင့် သတ်မှတ်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၁ နာရီကျော်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးပမာဏတို့ကိုမူ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Jun 08 • 2:27 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 28 | 0 | 0 | 0 |


