back

ဘရာဇီးတိုက်စစ်မှူး နေမာ၏ ခြေသလုံးဒဏ်ရာအခြေအနေကို ယနေ့ ထပ်မံစစ်ဆေးမည်

Jun 08 • 2:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘရာဇီးတိုက်စစ်မှူး နေမာ၏ ခြေသလုံးဒဏ်ရာအခြေအနေကို ယနေ့ ထပ်မံစစ်ဆေးမည်

ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလားအပြီးသတ်လူစာရင်းတွင် ပါဝင်လာသော်လည်း ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရသည့် အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး နေမာ၏ ဒဏ်ရာအခြေအနေကို ယနေ့တနင်္လာန...

ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလားအပြီးသတ်လူစာရင်းတွင် ပါဝင်လာသော်လည်း ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရသည့် အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး နေမာ၏ ဒဏ်ရာအခြေအနေကို ယနေ့တနင်္လာနေ့တွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း နည်းပြ အန်ဆယ်လော့တီက အတည်ပြုပြောကြားခဲ့သည်။ နေမာ၏ ဒဏ်ရာမှာ အဆင့် ၂ ရှိပြီး ကမ္ဘာ့ဖလားအကြို နောက်ဆုံးခြေစမ်းပွဲဖြစ်သည့် အီဂျစ်အသင်းနှင့်ပွဲကို လွဲချော်ခဲ့ရသလို၊ အနည်းဆုံး နှစ်ပတ်ခန့် အနားယူရမည်ဟုလည်း အသင်းဆေးအဖွဲ့က မေလ ၂၈ ရက်တွင် ထုတ်ပြန်ထားခဲ့သည်။ သို့သော်လည်း လာမည့် ဇွန်လ ၁၃ ရက်တွင် ကစားရမည့် မော်ရိုကိုအသင်းနှင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အမီ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာရန် မျှော်မှန်းထားကြောင်း သိရသည်။

news-view-count-icon

43