back

ဧရာဝတီတိုင်းတွင် မေလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇၀ ကျော်နှင့် သာသနိကအဆောက်အအုံအချို့ ပျက်စီး

Jun 08 • 2:23 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းတွင် မေလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇၀ ကျော်နှင့် သာသနိကအဆောက်အအုံအချို့ ပျက်စီး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် မေလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် လူနေအိမ် စုစုပေါင်း ၇၀ ကျော်နှင့် သာသနိကအဆောက်အအုံအ...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် မေလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် လူနေအိမ် စုစုပေါင်း ၇၀ ကျော်နှင့် သာသနိကအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး၊ အလုံး ၃၀ မှာ အမိုးလန်ပျက်စီးခဲ့ရသည့်အပြင် ဟင်္သာတမြို့နယ် ငါးဖားကျေးရွာရှိ ဇိနမာန်အောင်စေတီတော် ထီးတော်တိမ်းစောင်းခြင်းနှင့် ကျုံပျော်မြို့နယ် နွားဦးတိုက်ဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူ ပြိုကျခြင်းတို့ ဖြစ်ပွားခဲ့သည်။ခရိုင်အလိုက် ပျက်စီးမှုများအနေဖြင့် ဟင်္သာတခရိုင်တွင် နေအိမ် ၅၂ လုံးဖြင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပွားခဲ့ပြီး၊ ဖျာပုံခရိုင်တွင် ၇ လုံး၊ ပုသိမ်ခရိုင်တွင် ၅ လုံး၊ မအူပင်ခရိုင်တွင် ၄ လုံး၊ မြောင်းမြခရိုင်တွင် ၄ လုံးနှင့် လပွတ္တာခရိုင်တွင် ၂ လုံးတို့ လေပြင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

news-view-count-icon

37