ယနေ့ ဇွန်လ ၈ ရက် (တနင်္လာနေ့) တွင် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို (Mindanao) ကျွန်းအလွန် ပင်လယ်ပြင်ကို ဗဟိုပြု၍ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ရစ်ခ်တာစကေးအင်အား ၇.၈ ရှိသော ပြင်းထန်ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့တွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားရကြောင်း သိရသည်။ ငလျင်အင်အားကို ဂျာမန်မြေငလျင်သုတေသနဗဟိုဌာန (GFZ) က ၇.၈၊ အင်ဒိုနီးရှား BMKG က ၇.၇ နှင့် ဖိလစ်ပိုင် Phivolcs က ၇.၀ ဟု အသီးသီး တိုင်းတာသတ်မှတ်ခဲ့ကြပြီး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ မီတာထက်မြင့်သော ဆူနာမီလှိုင်းများ နာရီပေါင်းများစွာအထိ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ငလျင်လှုပ်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ ဆာရန်ဂါနီ (Sarangani) ပြည်နယ်ရှိ ရဲစခန်းအဆောက်အအုံတွင် အက်ကြောင်းအချို့ ဖြစ်ပေါ်ခဲ့ပြီး လှုပ်ခတ်မှုမှာ ၎င်းတို့ကြုံဖူးသမျှတွင် အပြင်းထန်ဆုံးဖြစ်ကြောင်း၊ တုန်ခါမှုကြောင့် လူအချို့ မူးလဲမှုများရှိခဲ့ကြောင်း သိရသည်။


ဖိလစ်ပိုင်တောင်ပိုင်း ပင်လယ်ပြင်တွင် အင်အား ၇.၈ ရှိသော ပြင်းထန်ငလျင်လှုပ်ခတ်၊ နိုင်ငံအချို့၌ ဆူနာမီသတိပေးချက်များ ထုတ်ပြန်
Jun 08 • 2:03 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 40 | 0 | 0 | 0 |


