back

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ဓာတ်လိုက်နေသည့် မိခင်ဖြစ်သူအား ကယ်တင်ရန် ကြိုးပမ်းခဲ့သည့် သားဖြစ်သူ ဒဏ်ရာရရှိပြီး မိခင်ဖြစ်သူ သေဆုံး

Jun 08 • 1:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ဓာတ်လိုက်နေသည့် မိခင်ဖြစ်သူအား ကယ်တင်ရန် ကြိုးပမ်းခဲ့သည့် သားဖြစ်သူ ဒဏ်ရာရရှိပြီး မိခင်ဖြစ်သူ သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ မြင်သာ (၁) လမ်းရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်မှုဖ...


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ မြင်သာ (၁) လမ်းရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ ဓာတ်လိုက်နေစဉ် ၎င်း၏ သားဖြစ်သူက ဝင်ရောက်ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော်လည်း မိခင်ဖြစ်သူမှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်အပြီးတွင် သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက သင်္ဃန်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ဓာတ်လိုက်ဒဏ်ရာရရှိခဲ့သည့် သားဖြစ်သူကိုမူ ဓမ္မစိန်ရောင် လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

news-view-count-icon

27