ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ၊ လွိုင်လင်၊ တောင်ကြီးနှင့် ရွှေညောင် အစရှိသည့် မြို့နယ်များတွင် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ရွှေညောင်မြို့တွင် တာယောချောင်းနှင့် ကျီးဖြူကန်တို့ ရေလျှံကာ တောင်လေးလုံးကျေးရွာရှိ နေအိမ်များနှင့် ဝက်မွေးမြူရေးခြံများအတွင်းသို့ ရေပြင်းထန်စွာ ဝင်ရောက်ခဲ့သလို၊ တောင်ကြီး-မိတ္ထီလာ ပြည်ထောင်စုလမ်းမကြီးဘေးရှိ Denko ဆီဆိုင်အနီးတွင်လည်း အရှည် ပေ ၆၀ ရှိ အုတ်တံတိုင်း ပြိုကျခဲ့သည်။ ထို့ပြင် လွိုင်လင်မြို့ ရပ်ကွက်အချို့တွင် ရေဝင်ရောက်ခြင်း၊ ဖယ်ခုံအင်းဘေးရှိ ရပ်ကွက် (၅) ခုခန့်တွင် ဒူးဆစ်ခန့်အထိ ရေနစ်မြုပ်ပြီး ကားလမ်းများ ရေကျော်ခြင်းနှင့် စိုက်ခင်းများ ပျက်စီးခြင်းတို့ ဖြစ်ပွားနေသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွား
Jun 08 • 1:42 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 44 | 0 | 0 | 0 |


