back

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကုန်စိမ်းသီးနှံများ စျေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်နေ

Jun 08 • 1:38 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကုန်စိမ်းသီးနှံများ စျေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းကုန်စည်စျေးကွက်တွင် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် ငရုတ်ပွ အစရှိသည့် ကုန်စိမ်းသီးနှံများ ဝယ်လိုအားထက် ရောင်းလ...

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းကုန်စည်စျေးကွက်တွင် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် ငရုတ်ပွ အစရှိသည့် ကုန်စိမ်းသီးနှံများ ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုများပြားကာ ပွဲရုံများ၌ ကုန်စည်များ ပုံနေခြင်းကြောင့် စျေးနှုန်းများ သိသိသာသာ ကျဆင်းကာ တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရသည်။ ပင်လောင်းနှင့် နောင်တရားဘက်မှ ခရမ်းချဉ်စိုက်တောင်သူများသည် အောင်ပန်းပွဲရုံအရောက် လာရောက်ရောင်းချပါက သယ်ယူစရိတ်နှင့် လမ်းစရိတ်များကြောင့် တွက်ခြေမကိုက်သဖြင့် ရွာ၌ပင် ပွဲစားထံ တစ်ပိဿာလျှင် ၈၀ ကျပ်မှ ၁၀၀ ကျော်ခန့်ဖြင့်သာ ရောင်းချနေရပြီး အချို့မှာ သီးနှံများကို လွှင့်ပစ်ရသည်အထိ ဖြစ်နေသည်။ လက်ရှိတွင် ကုန်စိမ်းသီးနှံများကို ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် ပဲခူး စသည့် ဒေသအနည်းငယ်သို့သာ တင်ပို့နိုင်ပြီး ယခင်နှစ်များနှင့် ယှဉ်ပါက ကုန်စည်တင်ပို့ရာ ဒေသနည်းပါးသွားခြင်းကြောင့်လည်း စျေးကွက်ပျက်စီးလွယ်ကာ တောင်သူများအတွက် ခိုင်မာသော သီးနှံစျေးကွက်တစ်ခု ဖော်ဆောင်ပေးရန် လိုအပ်နေကြောင်း သိရသည်။

news-view-count-icon

52