back

ပဲခူးမြစ်ရေ တရှိန်ထိုးမြင့်တက်လာ၍ အခြေအနေကို စောင့်ကြည့်ရမည်ဟု မိုးဇလပြော

Jun 07 • 10:03 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးမြစ်ရေ တရှိန်ထိုးမြင့်တက်လာ၍ အခြေအနေကို စောင့်ကြည့်ရမည်ဟု မိုးဇလပြော

ပဲခူးတိုင်းဒေသကြီးတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၁၇၃ စင်တီမီတာ (၆ ပေခွဲမှ ၇ ပေခန့်) အထိ သိသိသာသာ မြင့်တက်လာခဲ့ပြ...

ပဲခူးတိုင်းဒေသကြီးတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၁၇၃ စင်တီမီတာ (၆ ပေခွဲမှ ၇ ပေခန့်) အထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၆ ပေကျော်သာ လိုတော့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။ ပဲခူးမြစ်သည် မြစ်ငယ်တစ်ခုဖြစ်၍ မိုးဆက်တိုက်ရွာပါက ရေတက်မြန်သော်လည်း ပင်လယ်နှင့် နီးကပ်သဖြင့် ချက်ချင်းပြန်ကျသွားတတ်ကြောင်း၊ သို့သော် လတ်တလောတွင်မူ မြစ်ရေတရှိန်ထိုး တက်လာသည့်အတွက် မြစ်ရေအခြေအနေကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း သိရသည်။

news-view-count-icon

29